
အင်းဝအပ်ချုပ်ဆိုင်တွင် ဒဏ်ရာများ ရရှိခဲ့သူ မစန်းကေခိုင် ကုသမှုခံယူပြီးဖြစ်သောကြောင့် နေရပ်ပြန်ရန် အသင့်ဖြစ်နေသည်
Myanmar Now (ရန်ကုန်) —ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်တွင် ညှင်းပန်း နှိပ်စက်ခံရပြီး မနှစ်က လွတ်မြောက်ခဲ့သည့် မိန်းကလေးနှစ်ဦးအနက် တစ်ဦးဖြစ်သော မစန်းကေခိုင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုများ ခံယူပြီးပြီဖြစ်သောကြောင့် မကြာမီရက်ပိုင်းအတွင်း ဆေးရုံမှဆင်းတော့မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
Myanmar Now (ရန်ကုန်) —ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်တွင် ညှင်းပန်း နှိပ်စက်ခံရပြီး မနှစ်က လွတ်မြောက်ခဲ့သည့် မိန်းကလေးနှစ်ဦးအနက် တစ်ဦးဖြစ်သော မစန်းကေခိုင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုများ ခံယူပြီးပြီဖြစ်သောကြောင့် မကြာမီရက်ပိုင်းအတွင်း ဆေးရုံမှဆင်းတော့မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
၂ဝ၁၆
စက်တင်ဘာလတွင် ဆေးရုံတက်ရောက်ခဲ့သူ မစန်းကေခိုင်၏ ကောက်ကွေးနေသော လက်ချောင်းများ၊
ခန္ခာကိုယ်အနှံ့ရှိ အမာရွတ်ကြီးများကို အရိုးကုဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်မြင့်
ဦးဆောင်၍ အကြီးစားနှင့် အသေးစိတ်ခွဲစိတ်မှုများ ပြုလုပ်ခဲ့သည်။
“သူက
ခု ပုံတွေဘာတွေလည်း ဆွဲနိုင်နေပြီ။ ရှေ့အပတ်လောက် သူ့ကို လူမှုဝန်ထမ်းဌာနက လာခေါ်ကြလိမ့်မယ် ထင်တယ်” ဟု ဆရာဝန်ကြီး ဦးခင်မောင်မြင့်က
ဆိုသည်။
ခွဲစိတ်ကုသမှုများ
ပြုလုပ်ပြီးပြီဖြစ်သော်လည်း လေ့ကျင့်ခန်းများ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မစန်းကေခိုင်အနေဖြင့်
ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိခဲ့သော်လည်း စိတ်ကျန်းမာရေး ကောင်းမွန်ကြောင်း ရန်ကုန်ဆေးရုံကြီး
အရိုးကုဌာနတွဲဖက်ပါမောက္ခ ဒေါက်တာမျိုးမင်းဦးက ဆိုသည်။
ခွဲစိတ်ကုသမှုများမခံရခင်က
မစန်းကေခိုင်သည် လက်ချောင်းများကွေးဆန့်မရဖြစ်နေခဲ့ရာ၊ ယခု သူ၏လက်များကို ကောင်းစွာ
အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ သူနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှုးမြို့နယ် ဘောလုံးကွင်းကျေးရွာသို့
ပြန်ရောက်လျှင် စက်ချုပ်သည့် အလုပ်ကို လုပ်မည့်ဖြစ်ကြောင်း မစန်းကေခိုင်က ဆိုသည်။
“အခု
သမီးလက်တွေ ကြမ်းပြင်ပေါ်မှာဖြန့်ပြီး ချထားလိုက်ရင် လက်ဖဝါးနဲ့ ကြမ်းပြင်တွေက ပြားကပ်နေပြီ။
အရင်ကလို လက်ဖဝါးတွေက ကုန်းကုန်းကြီး ဖြစ်မနေတော့ဘူး” ဟု သူက ဆိုသည်။
အသက်
၁ဝ နှစ်ခန့်အရွယ်က အင်းဝ အပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် ရောက်ရှိခဲ့သော မစန်းကေခိုင်သည်
ထိုအိမ်တွင် လုပ်ကိုင်စဉ် အိမ်ရှင်များက သူ့လက်ချောင်းများ လိမ်ချိုးခံရခြင်း၊
ခန္ခာကိုယ်အနှံ့ ကတ်ကြေးဖြင့် ထိုးခံရခြင်း၊ မီးမြှိက်ခံရခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရပြီး ၂ဝ၁၆
သြဂုတ်လတွင် ထိုအပ်ချုပ်ဆိုင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
သူ့အားနှိပ်စက်မှုတွင်
ပါဝင်သည်ဟု စွပ်စွဲခံရသူ ၆ ဦးသည် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် အပြင်းအထန်
နာကျင်စေမှု၊ လူကုန်ကူးမှု စွဲချက်များဖြင့် အမှု ရင်ဆိုင်နေရဆဲဖြစ်သည်။

