ပြည်ပကုန်သွယ်မှု ဒေါ်လာ သန်းလေးထောင်နီးပါး လိုငွေပြ
ဧပြီမှ နိုဝင်ဘာလအတွင်း ပြည်ပကုန်သွယ်မှုတွင် ဒေါ်လာ ၃,၇၁၃ သန်း လိုငွေပြခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ပို့ကုန်သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။
ထိုကာလအတွင်း စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၇,၂ဝ၄.၃၆ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁ဝ,၉၁၇.၃၇ သန်း ရှိသည်။ (ကိုးကား - မြန်မာ့အလင်း)
ထိုကာလအတွင်း စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၇,၂ဝ၄.၃၆ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁ဝ,၉၁၇.၃၇ သန်း ရှိသည်။ (ကိုးကား - မြန်မာ့အလင်း)
တာချီလိတ်ကျောက်မီးသွေးသုံးစက်ရုံ ၂ နှစ်အကြာတွင် စတင်လည်ပတ်မည်
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်လျက်ရှိပြီး ၂ဝ၁၇ ဒီဇင်ဘာတွင် စတင်လည်ပတ်နိုင်မည်ဟု သိရသည်။
စက်ရုံတာဝန်ရှိသူများက ဒေသခံတို့နှင့် စနေနေ့တွင် တွေ့ဆုံစဉ် ဒေသအကျိုး ကူညီဆောင်ရွက်ပေးမည့် ကဏ္ဍများကို သဘောတူ ညှိနှိုင်းနိုင်ခဲ့သည်ဟု ဆိုသည်။
ဓာတ်အား ၂၂ မဂ္ဂါဝပ် ထွက်မည့် ထိုစက်ရုံသည် ကျောက်လိုဏ်ဂူကျေးရွာနှင့် ၂ မိုင်ခန့် အကွာတွင် တည်ရှိသည်။

အခြားဒေသများရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှာ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။ (ကိုးကား - မြန်မာ့အလင်း)
စစ်တပ်ယူနီဖောင်းအရောင်ကို Facebook တွင် သရော်သူ ထောင် ၆ လ ချမှတ်ခံရ
တပ်မတော်ယူနီဖောင်းအရောင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ထမီအရောင်နှင့် နှိုင်းယှဉ်ပြီး Facebook တွင် သရော်သည်ဟုဆိုသော မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် တရားရုံးက တနင်္လာနေ့တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။
ထောင်ထဲတွင် ၃ လ နေထိုင်ပြီးဖြစ်သောကြောင့် လွတ်မြောက်ရန် ၃ လသာ ကျန်ပြီး အယူခံဝင်ရန် စဉ်းစားနေသည်ဟု သူ၏ ရှေ့နေက ပြောသည်။ (ကိုးကား - 7Day Daily)