၃ လ အတွင်း ၂၁ ဦး မိုင်းထိ
မြန်မာနိုင်ငံတွင်
မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများဒဏ် ခံရသူ အရေအတွက်မှာ ယခုနှစ် ပထမသုံးလအတွင်း ၂၁ ဦး
ရှိသည်ဟု သိရကြောင်း ယူနီဆက် အဖွဲ့က ပြောသည်။ အစီအရင်ခံတင်ပြခြင်း မပြုသည့် အခြားထိခိုက်နစ်နာမှုများလည်း
ရှိနိုင်သည်ဟု ဆိုသည်။ (ကိုးကား - The Daily
Eleven)
အင်းလေးကန်အတွင်း ရေလျော့နည်းမှု ဆိုးဆိုးရွားရွား
ဖြစ်ပေါ်
ရှမ်းပြည်နယ်၊
အင်းလေးကန်အတွင်း ရေလျော့နည်းမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေရာ အင်းလယ်တွင်
ရေလေးပေခန့်၊ တချို့နေရာတွင် တစ်ပေခန့်သာ ကျန်တော့ကြောင်း သိရသည်။
အင်းထဲရှိ
ရွာပေါင်းများစွာတွင် စက်လှေဖြင့်သွားလာရန်၊ သောက်သုံးရေ ရရှိရန် ပိုမို ခက်ခဲလာသည်။ (ကိုးကား
- The Daily Eleven)
ပလပ်စတစ်အမှိုက်နှင့်ဆောက်ထားသည့်စာကြည့်တိုက် သင်္ကြန်အပြီး ဖွင့်မည်
ပုဂံညောင်ဦးဒေသ
နတ်ကြို့အိုင်ကျေးရွာ မူလတန်းကျောင်းရှိ စာကြည့်တိုက်ကို စွန့်ပစ်ပလပ်စတစ် အသုံးပြုပြီး
ဆောက်ထားပြီး နှစ်ဆန်း ၁ ရက်နေ့တွင် ဖွင့်မည်ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က
ပြောသည်။ ပုဂံယဉ်ကျေးမှုဒေသတွင် ပလပ်စတစ်အမှိုက်ကင်းစင်ရေးအတွက် ဒေသခံလူမှုအဖွဲ့များနှင့်ပူးပေါင်းကာ
စွန့်ပစ်ပလပ်စတစ်အသုံးပြု အုတ်များဖြင့် အလျား ပေ ၃ဝ၊ အနံ ပေ ၆ဝ စာကြည့်တိုက်ကို တည်ဆောက်ထားကြောင်း၊
ကုန်ကျစရိတ် ကျပ်သိန်းတစ်ရာခန့် ရှိကြောင်း သိရသည်။ (ကိုးကား - The Voice Daily)