ဦးသိန်းစိန် သမ္မတဆက်ဖြစ်ရန် ပြည်သူ ၁၆% လိုလားဟု စစ်တမ်းတစ်ခုတွင်တွေ့ရ
တနင်္လာနေ့က ထွက်ပေါ်လာသည့် လူထုစစ်တမ်းတစ်ခုတွင် ဦးသိန်းစိန်ကို သမ္မတတာဝန် ဆက်လက်ထမ်းဆောင်စေလိုသူ ၁၆ % ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရန် လိုလားသူ ၂၆ % ရှိသည်ဟု ဖော်ပြထားသည်။ ၅၄ % က သဘောထားပေးခြင်း မရှိပေ။
တနင်္လာနေ့က ထွက်ပေါ်လာသည့် လူထုစစ်တမ်းတစ်ခုတွင် ဦးသိန်းစိန်ကို သမ္မတတာဝန် ဆက်လက်ထမ်းဆောင်စေလိုသူ ၁၆ % ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရန် လိုလားသူ ၂၆ % ရှိသည်ဟု ဖော်ပြထားသည်။ ၅၄ % က သဘောထားပေးခြင်း မရှိပေ။
အာရှဘာရိုမီတာ ဆာဗေးအဖွဲ့က ဇန်န၀ါရီလ မှ မတ်လအထိ မြို့နယ် ၃၆ ခုတွင် နေထိုင်သူ ၁,၆၂ဝ ကို စစ်တမ်းကောက် မေးမြန်းထားခြင်းဖြစ်သည်။ (ကိုးကား - The Voice Daily)
ကိုးကန့်ဒေသကိုတိုက်ခိုက်သူများလက်နက်စွန့်ရန် ကာချုပ်ပြော
ကိုးကန့်ဒေသကို စစ်ကြေညာပြီး တိုက်ခိုက်ရာတွင် ပါဝင်သည့် အဖွဲ့ ၄ ခုနှင့် ငြိမ်းချမ်းရေး လုပ်မည်မဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် သြဂုတ် ၂၄ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောလိုက်သည်။
MNDAA, TNLA, AA နှင့် "KIA တပ်မဟာ(၄)ဟု ၎င်းတို့ ခေါ်ဆိုနေသူများမှာလည်း လက်နက်စွန့်ရမည် ဖြစ်ကြောင်း" ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ (ကိုးကား - မြဝတီ)
NLD နှင့် ၈၈ ပူးပေါင်းဆောင်ရွက်မည်
လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းတို့က သြဂုတ် ၂၄ တွင် ပူးတွဲ ကြေညာလိုက်သည်။
ဤကြေညာချက်သည် NLD ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး နှစ်ဘက် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း ဝေဖန်မှုများကို တုံ့ပြန်ဖြေရှင်းခြင်းဖြစ်ကြောင်း ၈၈ အဖွဲ့မှ ဦးဂျင်မီက ပြောသည်။ (ကိုးကား - The Voice Daily)