နိုင်ငံလူဦးရေ ၂ သန်းကျော် ဆီးချိုသွေးချိုဖြစ်ပွားနေ
ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူထားသော စစ်တမ်းတစ်ခုအရ နိုင်ငံအတွင်း ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနေသူ ၂ ဒသမ ၅ သန်း ရှိသည်ဟု
သိရကြောင်း မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဒုဥက္ကဋ္ဌ ပါမောက္ခဦးတင့်ဆွေလတ်က ပြောသည်။
ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိပါက၅ နှစ်အတွင်း ဆီးချို၊ သွေးချိုရောဂါရှင်အရေအတွက် ၂ သန်း ထပ်တိုးလာနိုင်သည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Messenger)

ကြိုတင်မဲများ နိုဝင်ဘာ ၆ တွင် ပေးနိုင်
၂ဝ၁၅ ရွေးကောက်ပွဲများအတွက် ကြိုတင်မဲကို နိုဝင်ဘာ ၆ ရက်နေ့၌ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပေးနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က စက်တင်ဘာ ၁ ရက်နေ့တွင် ပြောသည်။
ပြည်ပရောက်နေသူများက မြန်မာသံရုံးများတွင် အောက်တိုဘာတစ်လလုံး ကြိုတင်မဲပေးပေးနိုင်သည်ဟု ဆိုသည်။ (ကိုးကား - မြန်မာတိုင်းမ်)
ပြည်ပရောက်နေသူများက မြန်မာသံရုံးများတွင် အောက်တိုဘာတစ်လလုံး ကြိုတင်မဲပေးပေးနိုင်သည်ဟု ဆိုသည်။ (ကိုးကား - မြန်မာတိုင်းမ်)
ကန့်ကွက်ခံနေရသည့် အမတ်လောင်း ၈၈ ဦး ရှိ
ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသူများထဲတွင် ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းကြောင်း ကန့်ကွက်ခံရသူ ၈၈ ဦး ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက စက်တင်ဘာ ၁ ရက်နေ့တွင် ပြောလိုက်သည်။
ကန့်ကွက်ခံရသူများ ၇ ရက်အတွင်း အယူခံဝင်နိုင်သည်ဟု သိရသည်။ (ကိုးကား - စံတော်ချိန်)
ကန့်ကွက်ခံရသူများ ၇ ရက်အတွင်း အယူခံဝင်နိုင်သည်ဟု သိရသည်။ (ကိုးကား - စံတော်ချိန်)