တိုက်ပွဲများဖြစ်ပွားနေ၍ နယ်မြေအတွင်း မဲဆွယ်ခြင်းခေတ္တရပ်ထားရန် RCSS/SSA ထုတ်ပြန်
အစိုးရတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး လတ်တလောနယ်မြေ လုံခြုံရေးအခြေအနေအရ နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ ထိန်းချူပ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က စက်တင်ဘာ ၁၆ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်သည်။ မဲဆွယ်စည်းရုံးရေး လုပ်ငန်း ခေတ္တရပ်ဆိုင်းပေးရန် ထုတ်ပြန်ထားသည့် မြို့ နယ်များတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ကွန်ဟိန်း၊ လင်းခေး၊ မောက်မယ် အပါအ၀င် စုစုပေါင်း ၁၆ မြို့နယ်ပါဝင်သည်။ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ ချူပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က "ဒီလိုကန့်သတ်တာပါတီအားလုံးကို နစ်နာစေပါတယ်။ လုံခြုံရေးဆိုရင် ဖြစ်သင့်တာ တပ်မတော်က တာဝန်ယူရပါမယ်" ပြောသည်။ (ကိုးကား - 7 Day Daily)
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲလက်မှတ်ပေါင်း ၁၂၅ သန်းကျော်ရိုက်နှိပ်မည်
ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးရမည့် မဲလက်မှတ်စုစုပေါင်း ၁၂၅ သန်းကျော်ကို ရိုက်နှိပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က ပြောသည်။ မဲဆန္ဒရှင်တစ်ဦးအနေဖြင့် အနည်းဆုံးလွှတ်တော်သုံးရပ်ကို မဲပေးရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းမှာလည်း တိတိကျကျမရရှိသေးခြင်းကြောင့် မဲလက်မှတ်အရေအတွက်ကို လိုအပ်မှုမဖြစ်စေရန်အတွက် မဲဆန္ဒရှင်အရေအတွက်ကို ခန့် မှန်းကာ အပိုဆောင်းရိုက်နှိပ်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ "ကြိုတင်မဲပေးမယ့် ပြည်ပက မဲဆန္ဒရှင်စာရင်းက အပြီးသတ်မရသေးတော့ သူတို့ အတွက် နောက်ဆုံး ရိုက်နှိပ်နိုင်ပါမယ်"ဟု ၎င်းကပြောသည်။ (The Voice Daily)
ပါတီများကို စော်ကားပုတ်ခတ်မှု ဆင်ခြင်ရန် မကွေးဆရာတော် မိန့် ကြား
ရဟန်းသံဃာများအနေဖြင့် မိမိနှစ်သက်သည် ပါတီကို ထောက်ခံနိုင်သကဲ့သို့ မိမိ နှင့် သဘောာထားမတိုက်ဆိုင်သည့် ပါတီများကို စော်ကားပုတ်ခတ်ခြင်းမျိုး မရှိစေရန်လည်း ဆင်ခြင်သင့်ကြောင်း မကွေးကျောင်းတိုက်ဆရာတော်ဥူးပါမောက္ခက မိန့် ကြားတော်မူသည်။ "ရဟန်းသံဃာများအနေနဲ့ လည်း အမှန်တရားကို အခြေခံသင့်တယ်။ တစ်ဖက်သတ်မပြောသင့်ပါဘူး။ NLD ကိုမဲပေးပါ။ ကြံ့ခိုင်ရေးကို မဲပေးပါဆိုတာမျိုးတွေ မပြောသင့်ပါဘူးလို့ မြင်ပါတယ်"ဟု မိန့် ကြားသည်။ (ကိုးကား - Messenger)