သစ်အလုံးလိုက်ဝယ်ယူရေး တရုတ်၏ကမ်းလှမ်းချက် မြန်မာငြင်းပယ်
နယ်စပ်ဒေသတွင် သစ်အခြေခံစက်မှုဇုန် တည်ဆောက်ရေး၊ သစ်အလုံးလိုက် ဝယ်ယူရေး တရုတ်အစိုးရ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက အင်္ဂါနေ့တွင် ပြောလိုက်သည်။
သစ်ထွက်ရှိမှု အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်နေပြီး တရားဝင်သစ်ထုတ်လုပ်မှုကို အကြီးအကျယ် လျှော့ချနေရကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Eleven Daily)
သစ်ထွက်ရှိမှု အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်နေပြီး တရားဝင်သစ်ထုတ်လုပ်မှုကို အကြီးအကျယ် လျှော့ချနေရကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Eleven Daily)
ဝန်ကြီးသုံးဦးက ရွေးကောက်ပွဲအနိုင်ရ ပြိုင်ဘက်သုံးဦးကို ကန့်ကွက်
ရွေးကောက်ပွဲရှုံးသော ပြည်ထောင်စုဝန်ကြီးသုံးဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံရသူ ကိုယ်စားလှယ်သုံးဦးကို ကန့်ကွက်လွှာတင်ထားကြောင်း ရွေးကောက်ပွဲခုံရုံးဌာနထံမှ သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြိုင်ခဲ့သော သမ္မတရုံးဝန်ကြီး ဦးစိုးမောင်၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်တို့က ကန့်ကွက်ထားခြင်းဖြစ်ပြီး ၎င်းတို့သည် ဒုတိယ မဲအများဆုံး ရရှိထားသူများဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)

ငြိမ်းချမ်းရေးညီလာခံအစပြုသည့်နေ့ ရှမ်းပြည်နယ်တွင်တိုက်ပွဲနှစ်ကြိမ်ဖြစ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပသည့် ဇန်နဝါရီလ ၁၂ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ္မတူ၊ ကွက်ခိုင်မြို့နယ်တို့တွင် အစိုးရတပ်နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောသည်။
တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် TNLA လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။ (ကိုးကား - The Voice Daily)
တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် TNLA လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။ (ကိုးကား - The Voice Daily)