ဒေါ်အောင်ဆန်းစုကြည်နှင့် အမြဲဆက်သွယ်နေဟု ကာချုပ်ဆို
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အမြဲမပြတ်ဆက်သွယ်မှုများရှိနေပြီး ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် ဇန်န၀ါရီ ၂၄ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တနင်္လာနေ့တွင် ဒုတိယအကြိမ် သီးသန့် တွေ့ဆုံမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ (ကိုးကား - Democracy Today)
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တနင်္လာနေ့တွင် ဒုတိယအကြိမ် သီးသန့် တွေ့ဆုံမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ (ကိုးကား - Democracy Today)
နေပြည်တော်စာပေဟောပြောပွဲ လုံခြုံရေးကြောင့် ပိတ်ပင်ခံရ
နေပြည်တော် လယ်ဝေးမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အင်္ဂါနေ့စာပေဟောပြောပွဲတစ်ခုကို မြို့နယ်အုပ်ချုပ်ရေးမှုးက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်လိုက်ပြီး ကျင်းပလိုပါက ၁၀ ရက်ကြိုတင်ပြီး ခွင့်ပြုမိန့် ထပ်မံ လျှောက်ထားရန် ပွဲစီစဉ်သူများကို ညွှန်ကြားခဲ့သည်။
ထိုစာပေဟောပြောပွဲတွင် အစိုးရကို ဝေဖန်ပြောဆိုတတ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲဆွယ်ပေးခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝလည်း ပါဝင်ရန်စီစဉ်ထားခဲ့သည်။ (ကိုးကား - Daily Eleven)

လားရှိုး - မူဆယ် လမ်းမကြီး ယဉ်ပိတ်ဆို့နေ
ဇန်န၀ါရီ ၂၃ ၇က်မှစ၍ မြန်မာ - တရုတ် ပင်မကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော လားရှိုးမူးဆယ်လမ်းမပေါ်တွင် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ် ၂,၀၀၀ ခန့် ပိတ်ဆို့နေသည်။ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ယဉ်လမ်းကြောရှင်းလင်းရန် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း ယခုတိုင် ခရီးသွားအမြောက်အများ တောင်ပေါ်လမ်းများတွင် သောင်တင်လျက်ရှိသည်။ (ကိုးကား - မြန်မာ့အလင်း)