လွှတ်တော် ၅ နှစ်အတွင်း ဥပဒေပေါင်း ၂၂၉ ခု ပြဌာန်းနိုင်ခဲ့
ပြီးခဲ့သည့် ၅ နှစ်အတွင်း ဥပဒေပေါင်း ၂၂၉ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဗုဒ္ဓဟူးနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
အသစ်ပြဌာန်းမှု ၁ဝ၉ ခု၊ ပြင်ဆင်မှု ၁ဝ၃ ခု၊ ရုတ်သိမ်းသည့် ဥပဒေ ၁၇ ခုတို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောခဲ့သည်။ (ကိုးကား - Democracy Today)
ရန်ကုန်မှ ကာလရှည် ကျူးကျော်နေထိုင်သူတို့ အစိုးရသစ်လက်ထက်တွင် မျှော်လင့်ချက်ရှိ

ရန်ကုန်မြို့ရှိ သက်တမ်းကြာမြင့်စွာနေထိုင်သည့် ကျူးကျော်များကို အစိုးရသစ်လက်ထက်တွင် နေရာပြန်လည်ချထားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။
၁၉၉ဝ ဝန်းကျင်က ရန်ကုန်ရှိ မြို့နယ် ၁၉ ခုတွင် ကျူးကျော်အိမ်ခြေ ၉,ဝဝဝ ကျော်သာရှိခဲ့ကြောင်း ကျူးကျော်များနှင့်ပက်သက်၍ စာတမ်းပြုစုနေသေူတစ်ဦးထံမှ သိရသည်။ ၂၅ နှစ်အကြာတွင် ၅ ဆ တိုးပွားလာသည်ဟု ဆိုသည်။ (ကိုးကား - Daily Eleven Newspaper)

သမ္မတဦးသိန်းစိန် ပါတီကိုဆက်လက်ဦးဆောင်မည်
ဦးသိန်းစိန်က သမ္မတသက်တမ်းကုန်ဆုံးပြီးချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆက်လက်ဦးဆောင်သွားမည်ဟု အင်္ဂါနေ့က သူ၏ လယ်တောအိမ်တွင် ရွေးကောက်ပွဲ အနိုင်ရ ပါတီကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ထံမှ သိရသည်။
ကိုယ်စားလှယ် ၄၀ ခန့်နှင့် မိနစ် ၄၀ ကျော်ကြာ တွေ့ဆုံရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကြံပြုသုံးသပ်ရန် ဦးသိန်းစိန်က တောင်းခံခဲ့သည်ဟု ဆိုသည်။
သမ္မတတာဝန်ထမ်းဆောင်စဉ် ပါတီတွင် တာဝန်ကြီးများ ထမ်းဆောင်ခွင့် မပြုရန် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ (ကိုးကား - 7Day Daily)