ဇန်နဝါရီ ၇ သတင်းများ

မြစ်ဝကျွန်းပေါ်ကလေးခိုးဂိုဏ်း ကောလာဟလ ရဲတပ်ဖွဲ့ရှင်းလင်း
Facebook တွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖြန့်ဝေနေကြသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးခိုး ဂိုဏ်းများ သောင်းကျန်းနေသည်ဟူသော အချက်မှာ ကောလာဟလသာ ဖြစ်ကြောင်း မြို့နယ်တချို့တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။ (ကိုးကား - Daily Eleven)

တပ်မတော်နှင့် TNLA တို့ နှစ်သစ်ကူးတွင် တိုက်ပွဲ အဆက်မပြတ်ဖြစ်
ဇန်န၀ါရီလအတွင်း တပ်မတော်နှင့် တိုက်ပွဲ ဆယ်ကြိမ်ထက်မနည်းဖြစ်ပွားပြီး လွတ်လပ်ရေးနေ့တွင် လေးငါးကြိမ်ခန့် ဖြစ်ခဲ့ကြောင်း ရှမ်းပြည်နယ် အခြေစိုက် ပလောင်လက်နက်ကိုင်အဖွဲ့ TNLA ၏ ခေါင်းဆောင် ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောသည်။
အစိုးရက ထိုအဖွဲ့ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။ (ကိုးကား - The Voice Daily)

အစိုးရသစ်လက်ထက် နိုင်ငံရေး အကျဉ်းသားမရှိစေရဟု NLD ပြော
အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရန် ဆောင်ရွက်သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းဟိန်းက ပြောသည်။ (ကိုးကား - မြန်မာတိုင်းမ်)