ထိုင်းသို့ အလုပ်သမားတရားဝင်စေလွှတ်မှု ယာယီရပ်
ထိုင်းနိုင်ငံရောက် မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မလာစေရန် မြန်မာဘက်မှ အလုပ်သမားသစ် စေလွှတ်မှုကို ဇန်နဝါရီ ၂ ရက်နေ့ က စတင်၍ ယာယီရပ်ဆိုင်းထားကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။
အလုပ်သမား တရားဝင် စေလွှတ်မှုကို နှစ်နိုင်ငံသဘောတူညီချက်အရ ၂ဝဝ၉ တွင် အစပြုခဲ့သည်။ (7Day Daily)
အလုပ်သမား တရားဝင် စေလွှတ်မှုကို နှစ်နိုင်ငံသဘောတူညီချက်အရ ၂ဝဝ၉ တွင် အစပြုခဲ့သည်။ (7Day Daily)
အင်းတော်ကြီး ကမ္ဘာ့ထူးခြားရေတိမ်ဒေသဖြစ်လာမည်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ကမ္ဘာ့ထူးခြားရေတိမ်ဒေသ (Ramsar Site) အဖြစ် ဖေဖော်ဝါရီ ၂ တွင် သတ်မှတ်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်သော်က ပြောကြားသည်။
ရန်ကုန်နှင့် များစွာ ဝေးကွာခြင်းမရှိသော ပဲခူးဒေသ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ကမ္ဘာ့ထူးခြားရေတိမ်ဒေသအဖြစ် လွန်ခဲ့သည့် ဆယ်နှစ်က သတ်မှတ်ခဲ့ပြီးဖြစ်သည်။
ထိုသို့ သတ်မှတ်ခံရပါက နိုင်ငံတကာက အလေးထားပြီး ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမို၍ ထိထိရောက်ရောက် လုပ်နိုင်မည်ဟု သိရသည်။ (ကိုးကား - The Voice Daily)

အမတ်များ နေပြည်တော်တွင် အိမ်ငှားနေထိုင်ခွင့် NLD ပိတ်ပင်
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု အမတ်များ လွှတ်တော်တက်ရန် နေပြည်တော်သို့ ရောက်ရှိစဉ် အိမ်ငှား နေထိုင်မည့်အစား အစိုးရ ဧည့်ရိပ်သာတွင်သာ တည်းခိုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း သိရသည်။
ဆင်းရဲချမ်းသာမရွေး စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုခြင်းဖြင့် အမတ်များ စုစည်းမှုရှိပြီး ညှိနှိုင်း ဆွေးနွေးနိုင်မည်ဖြစ်သည်ဟု NLD ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပြောသည်။ (ကိုးကား - Democracy Today)
ဆင်းရဲချမ်းသာမရွေး စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုခြင်းဖြင့် အမတ်များ စုစည်းမှုရှိပြီး ညှိနှိုင်း ဆွေးနွေးနိုင်မည်ဖြစ်သည်ဟု NLD ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပြောသည်။ (ကိုးကား - Democracy Today)