ကြက်ခြေနီအသင်းတွင် အမျိုးသမီးဦးဆောင်မှု ပါဝင်ရေး ဆောင်ရွက်မည်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆုံးဖြတ်ချက်ပေးရသည့် ကဏ္ဍတွင် အမျိုးသမီးများ၊ လူငယ်များ ပိုမို ပါဝင်လာရန် စတင်လုပ်ဆောင်သွားမည်ဟု အသင်းဥက္ကဋ္ဌ ဒေါက်တာလှရွှေက ပြောသည်။
ထို့ပြင် ကြက်ခြေနီလုပ်ငန်းများတွင် မသန်စွမ်းများ ပိုမို ပါဝင်လာရေးကိုလည်း ဆောင်ရွက်သွားမည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - Daily Eleven)
ဖားကန့်သပိတ်စခန်းကြောင့် ကျောက်စိမ်းကုမ္ပဏီတချို့ လုပ်ငန်းရပ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် မြေသယ်ယာဉ်ကြီးများ ဖြတ်သန်းခြင်း မပြုနိုင်ရန် ဒေသခံများက စနေနေ့တွင် သပိတ်စခန်းတစ်ခု ဖွင့်ပြီး လမ်းပိတ် ဟန့်တားလျက်ရှိသောကြောင့် တူးဖော်ရေးလုပ်ငန်းတချို့ ရပ်ဆိုင်းထားရသည်။
သဘာဝပတ်ဝန်းကျင် အလွန်အကျွံဖျက်ဆီးမှု၊ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပိုင် မြေစာသွန်ကားများ စည်းကမ်းမဲ့မှုကို ကန့်ကွက်နေသော ဆိပ်မူ နှင့် ရွာဟောင်းကျေးရွာ ဒေသခံတို့က ကုမ္ပဏီများ၊ အာဏာပိုင်များကို ညှိနှိုင်းရန် စောင့်ဆိုင်းနေကြောင်း၊ ၎င်းတို့၏တောင်းဆိုချက်ကို လိုက်လျောလျှင် သပိတ်စခန်း ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ (ကိုးကား - 7Day Daily)
မျိုးသုန်းပျောက်ကွယ်လုေ ရဘဲခေါင်းစိမ်း တံတားဦးတွင် တွေ့ရှိ
မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရေဘဲခေါင်းစိမ်း ၁၂ ကောင် ကောင်ကို မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် တွေ့ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းမှ ဒေါ်သီရိဒေဝီအောင်က ပြောသည်။
တွေ့ရှိချက်ကို နိုင်ငံတကာ ရေဘဲခေါင်းစိမ်း ထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြပြီး အဆိုပါ ဆောင်းခိုငှက်မျိုးစိတ် ကျက်စားရာဒေသအဖြစ် အမည်စာရင်း တင်သွင်းမည်ဟု သူက ဆက်ပြောသည်။ ကမ္ဘာပေါ်တွင် ရေဘဲခေါင်းစိမ်း အရေအတွက် ၁၅ဝ မှ ၇ဝဝ အတွင်း ရှိသည်ဟု သုတေသီတို့က ခန့်မှန်းထားသည်။ (ကိုးကား - The Voice Daily)