ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခု တရုတ်ကုမ္ပဏီများနှင့် တွဲလုပ်မည်
ရေအားလျှပ်စစ်
စီမံကိန်း ၁၈ ခု အကောင်အထည်ဖော်ရန် ယခုလဆန်းပိုင်းတွင် တရုတ်ကုမ္ပဏီများနှင့် သဘောတူညီထားကြောင်း လျှပ်စစ်ဝန်ကြီးဌာန
ထံမှ သိရသည်။
စီမံကိန်းများသည်
နန့်ပလွေ၊ နန့်မ၊ ရွှေလီ စသည့် မြစ်များ အထူးသဖြင့် သံလွင်မြစ်ပေါ်တွင် တည်ရှိမည်ဟု ဆိုသည်။
(ကိုးကား - 7Day Daily)
မြေမြုပ်မိုင်းရှင်းရန် ပြည်တွင်း၊
ပြည်ပ အဖွဲ့များ စောင့်ဆိုင်းနေ
အစိုးရက သူပုန်အဖွဲ့များထဲမှ
၈ ဖွဲ့နှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးသော်လည်း
မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်း စတင်နိုင်ခြင်း မရှိသေးကြောင်း မိုင်းဒဏ်သင့်ပြည်သူများကို
ကူညီထောက်ပံ့သော ငြိမ်းချမ်းမြန်မာကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန့်စင်က
ပြောသည်။
မြန်မာနိုင်ငံအတွင်း
ရုံးခန်းဖွင့် အခြေစိုက်ထားပြီဖြစ်သော မိုင်းရှင်းလင်းရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတချို့လည်း
အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။ (ကိုးကား - Daily Eleven)
မလေးမှ ပြန်လွတ်လာသူအရေအတွက်
ပြီးခဲ့သည့်နှစ်တွင် ငါးထောင်ကျော်ရှိ
မလေးရှားနိုင်ငံတွင်
အကြောင်းအမျိုးမျိုးကြောင့် အထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားများထဲမှ ပြီးခဲ့သည့်နှစ်အတွင်း
နေရပ်ရင်း ပြန်လွှတ်ပေးသည့် အရေအတွက်မှာ ငါးထောင်ကျော် ရှိကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးက
သတင်း ထုတ်ပြန်သည်။ (ကိုးကား - 7Day Daily)