ရန်ကုန်တွင် ဦးနှောက် အမြှေးရောင်ရောဂါ
တပ်လှန့်ထား
ကူးစက်မြန်ဦးနှောက်အမြှေးရောင်ရောဂါကြောင့်
ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှ ကလေးနှစ်ဦး
မတ်လ ၁၄ ရက်နှင့် ၁၈ ရက်တို့တွင် သေဆုံးသွားပြီးနောက်ပိုင်း ရောဂါပိုး ထိန်းချုပ်ထောက်လှမ်းရန် တိုင်းအတွင်း
မြို့နယ်အားလုံးကို တပ်လှန့်နှိုးဆော်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနထံမှ
သိရသည်။
ရောဂါရလွယ်သည့်
သက် ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးငယ်များ လူထူ၊ ဖုန်ထူသည့်နေရာတို့ကို မသွားသင့်ကြောင်း၊
ကလေးငယ်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးရန် လိုအပ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)
ဧည့်စာရင်းတိုင်ကြားရသည့်စနစ် လွှတ်တော်က ပယ်ဖျက်ဖွယ်ရှိ
ဧည့်စာရင်းနှင့်
ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၃ (ဆ) နှင့် ပုဒ်မ ၁၇ ကို ပယ်ဖျက်ရန် လွှတ်တော်မှတ်တမ်း၌
ထားရှိသည့် ဥပဒေကြမ်းကို တနင်္လာနေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသဖြင့်
လွှတ်တော်တွင် ယင်းဥပဒေကြမ်း မကြာမီ အတည်ပြုဖွယ်ရှိသည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။
(ကိုးကား
- 7Day Daily)
ကျားဖြူပါတီက ရှမ်းမျိုးနွယ်စုပါတီမများမဟာမိတ်အဖွဲ့
ဖွဲ့မည်
ရှမ်းမျိုးနွယ်စုကိုယ်စားပြုပါတီများအားလုံး
ပူးပေါင်းသည့် မဟာမိတ်အဖွဲ့အစည်းသစ်တစ်ခုကို ဖွဲ့စည်းမည်ဟု ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်က တနင်္လာနေ့တွင် ပြီးစီးသွားသော ပါတီညီလာခံအပြီး ကြေညာချက် ထုတ်ပြန်သည်။
ရှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ်ဟု အမည်ပေးမည့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန်
တခြားပါတီများနှင့် ညှိနှိုင်းမည်ဟု အထွေထွေအတွင်းရေးမှူး
ဦးစိုင်းဖိုးအောင်က ပြောသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း နေရာအများအပြား
အနိုင်ရခဲ့သည့် ကျားဖြူပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင်မူ ပြည်နယ်လွှတ်တော် တစ်နေရာအတွက်သာ
ရွေးကောက်ခံခဲ့ရသည်။(ကိုးကား - The Voice
Daily)